
မတ် ၆ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက တယောက်လျော့နဲ့ ယှဉ်ပြိုင် ရပြီး ခရစ္စတယ် ပဲလေ့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ခရစ္စတယ် ပဲလေ့စ်က အိမ်ကွင်း ပရိသတ် တွေရှေ့မှာ လီဗာပူးကို ခြေရည်တူ လိုက်ကစားနိုင် ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အတွက် ဦးဆောင်ဂိုးကို ၄၈ မိနစ်မှာ လတ်ဒလေက သွင်းယူပါတယ်။
ဒုတိယပိုင်း ၆၂ မိနစ်မှာ လီဗာပူး ကွင်းလယ်ကစားသမား မီလ်နာ ကစားတာကြမ်းလို့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရတာပါ။
အဲဒီနောက်ပိုင်းမှာ လီဗာပူး ကစားပုံ ပိုကောင်းလာပြီး ဘောလုံးပိုင်ဆိုင်မှုလည်း အသာစီးယူနိုင်ခဲ့ပါတယ်။
လီဗာပူးအတွက် ချေပဂိုးကို ၇၂ မိနစ်မှာ ဖာမီနိုက သွင်းယူပါတယ်။
ပဲလေ့စ်ဟာ ၂၀၁၆ ခုနှစ် အစပိုင်းထဲမှာ နိုင်ပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးကို ပုံမှန်ပွဲကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ ပင်နယ်တီကတဆင့် တိုက်စစ်မှူး ဘန်တီကီက သွင်းယူပါတယ်။
ဒီပွဲနိုင်လို့ လီဗာပူးဟာ ၄၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၇ မှာ ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်က ၃၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/138438

No comments:
Post a Comment