
တင်းနစ်မယ် မာရီယာ ရှာရာပိုဗာကို တားမြစ်ဆေး သုံးစွဲမှုနဲ့ နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်က ကစားခွင့် ၂ နှစ် ပိတ်ပင် လိုက်ပါတယ်။
ရုရှား တင်းနစ်မယ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက သြစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ တားမြစ်ဆေး သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိ ခဲ့တာပါ။
အသက် ၂၉ နှစ် အရွယ် ရှာရာပိုဗာ ကတော့ Meldonium ဆေးကို ကျန်းမာရေး အတွက် ၂၀၀၆ ခုနှစ် ကတည်းက သုံးစွဲ လာတာ ဖြစ်တယ်လို့ ပြောဆို ထားပါတယ်။
တင်းနစ် ကစားခွင့် ပိတ်ပင် မှုဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ စတင် အကျုံး ၀င်ပါတယ်။
ရှာရာပိုဗာ ကတော့ ၂ နှစ် ကစားခွင့် ပိတ်ပင်တဲ့ အပေါ်မှာ အယူခံ ၀င်သွားမယ်လို့ ဆိုထား ပါတယ်။
တားမြစ်ဆေး သုံးစွဲတဲ့အတွက် ကုမ္ပဏီတချို့က စပွန်ဆာပေးထားတာကို ပြန်လည် ရုပ်သိမ်း ခဲ့ပါတယ်။
ရုရှားတင်းနစ်မယ်ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ခဲ့ဖူးပြီး ဂရန်းစလန်း ဆုဖလား ၅ ခု ရရှိထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153912





No comments:
Post a Comment