
မန်ယူ အသင်း ကွင်းလယ် ကစားသမား မိုက်ကယ် ကာရစ်ဟာ အသင်းနဲ့ တနှစ် စာချုပ် သက်တမ်း တိုးဖို့ သဘောတူ လိုက်ပါတယ်။
အသက် ၃၄ နှစ် အရွယ် ကာရစ်ဟာ ၂၀၀၆ မှာ တော့တင်ဟမ် ဟော့စပါး အသင်းကနေ မန်ယူကို ရောက်ရှိ လာတာပါ။
ကာရစ်ဟာ မန်ယူ အတွက် ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ၄၂ ပွဲ ကစားပေး ထားပါတယ်။
နည်းပြ မော်ရင်ဟို လက်ထက်မှာ ကစားဖို့ အခွင့် အရေးရတာ မယုံကြည်နိုင်စရာ ကောင်းအောင် ၀မ်းသာ ပါတယ်လို့ သူက ပြောပါတယ်။
မန်ယူနည်းပြသစ် ကတော့ ကွင်းလယ်လူ ကာရစ်ဟာ အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရှိတဲ့အတွက် တန်ဖိုး ရှိတယ်လို့ ပြောပါတယ်။
အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ကာရစ်ဟာ ၁၀ နှစ် အတွင်းမှာ မန်ယူ အတွက် ပွဲပေါင်း ၄၂၁ ပွဲ ကစားပေး ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153982





No comments:
Post a Comment