
၂၀၁၇ အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ အုပ်စု ပွဲစဉ်တွေ ထွက်ပေါ် လာရာမှာ အုပ်စု ဂ မှာ မြန်မာ အသင်းဟာ ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန် အသင်းတို့နဲ့ တအုပ်စုတည်း ကျရောက် နေပါတယ်။
အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို လာမယ့်နှစ် သြဂုတ်လမှာ ဂျပန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာပါ။
လက်ရှိချန်ပီယံ ဂျပန်အသင်းနဲ့ အတူ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ် အသင်းတို့ဟာ တိုက်ရိုက် ကစားခွင့် ရထားပြီး ကျန်အသင်း တွေက ခြေစစ်ပွဲ ကနေ ၀င်ရောက် ရမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲစဉ်တွေကို လာမယ့် အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၆ ရက်ထိ ပြုလုပ်သွားမှာပါ။
အုပ် ဂ မှာ ပါဝင်နေတဲ့ မြန်မာ၊ ထိုင်း၊ ပါလက်စတိုင်း၊ ကာဇက်စတန် အသင်းတို့ရဲ့ ခြေစစ်ပွဲစဉ်တွေကို နိုဝင်ဘာ ၂ ရက်မှ ၆ ရက်ထိ ထိုင်းနိုင်ငံက လက်ခံကျင်းပမှာပါ။
အသင်း ၁၈ သင်း ပါဝင်မယ့် ခြေစစ်ပွဲမှာ အုပ်စုတခုစီက အမှတ်အများဆုံးရရှိတဲ့ အုပ်စု ထိပ်ဆုံးအသင်းတသင်းစီသာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကစားခွင့်ရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153991





No comments:
Post a Comment