Friday, June 10, 2016
ဗင်နီဇွဲလားကိုရှုံးပြီး နာမည်ကြီး ဥရုဂွေး ကိုပါဖလား အုပ်စုမှထွက်ရန် သေချာ (ရုပ်သံဟိုက်လိုက်)
ဇွန် ၁၀ ရက် မနက်ပိုင်းက ယှဉ်ပြိုင် သွားတဲ့ ကိုပါ အမေရိက ပြိုင်ပွဲ အုပ်စု ဂ ပွဲစဉ်မှာ ဗင်နီဇွဲလားက ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပိုင်း ၃၆ မိနစ်မှာ ဗင်နီဇွဲလား အသင်းက အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် ခဲ့ပါတယ်။
ဥရုဂွေး အသင်းက ချေပဂိုး သွင်းဖို့ ကြိုးစား aပမယ့်လည်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ ဥရုဂွေးရော ဗင်နီဇွဲလားပါ ဂိုးထပ်မသွင်းနိုင်လို့ ၁ ဂိုးစီ သရေကျသွားတာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ပြီးခါနီးမှာတော့ ဥရုဂွေးတိုက်စစ်မှူး အပိုင်ဂိုးရမယ့် အခြေအနေ ရရှိခဲ့ပေမယ့် ဂိုးတည့်အောင် မကန်သွင်းနိုင်လို့ အရှုံးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ ဥရုဂွေးအသင်းက တိုက်စစ်မှူး ဆွာရက်ဇ်ကို အသုံးမပြုတဲ့အတွက် ပွဲပြီးခါနီးမှာ ဆွာရက်ဇ်က ပေါက်ကွဲခဲ့ပါတယ်။
ဥရုဂွေးအသင်းဟာ အုပ်စုတွင်း ၂ ပွဲဆက်ရှုံးပြီး အုပ်စုကနေထွက်ဖို့ သေချာသလောက်ရှိသွားပြီ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153997
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment