
စပိန်တင်းနစ် အကျော် အမော် ရာဖယ် နာဒယ်လ်ဟာ ဒဏ်ရာကြောင့် လာမယ့် ၀င်ဘယ်ဒန် အိုပင်း တင်းနစ် ပြိုင်ပွဲကို လွဲချော် သွားပါတယ်။
ဆရာဝန်ရဲ့ ဆေး စစ်ချက်တွေ အရ လက်ကောက်ဝတ် ဒဏ်ရာက မသက်သာ သေးတဲ့ အတွက် ၀င်ဘယ်ဒန် ပြိုင်ပွဲမှာ ကစားဖို့ မဖြစ်နိုင် တော့ဘူးလို့ အသက် ၃၀ အရွယ် နာဒယ်လ်က ပြောပြီး အခု ဆုံးဖြတ်ချက်ကို ခက်ခက် ခဲခဲနဲ့ ချရ တာပါ လို့လည်း ဆိုပါတယ်။
သူဟာ ၂၀၀၉ ၀င်ဘယ်ဒန်ပြိုင်ပွဲတုန်းကလည်း ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
မြေစေးကွင်းဘုရင် နာဒယ်လ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၁၄ ယူအက်စ်အိုပင်း ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ပါတယ်။
နာဒယ်လ်ဟာ ဂရန်းစလန်း ဆုဖလားပေါင်း ၁၃ ခု ရရှိထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154019





No comments:
Post a Comment