
၂၀၁၆ ခုနှစ် အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး အားကစား သမား စာရင်းမှာ ဘောလုံး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ ထိပ်ဆုံး ကနေ ပါဝင်နေ ပါတယ်။
Forbes မဂ္ဂဇင်းက ဒီနှစ် အတွက် ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ ၀င်ငွေ အများဆုံး အားကစား သမား စာရင်းမှာ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက တနှစ် အတွင်း ၀င်ငွေ ဒေါ်လာ ၈၈ သန်းကျော်နဲ့ ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒါဟာ ဘောလုံးသမားတွေထဲက ပထမဆုံးအကြိမ်အဖြစ် ၀င်ငွေအများဆုံးစာရင်းမှာ ရပ်တည်နိုင်တာ ဖြစ်ပါတယ်။
ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ၈၁ သန်းကျော်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း ထိပ်တန်း အားကစားသမား အယောက် ၁၀၀ ရဲ့ ၀င်ငွေဟာ ဒေါ်လာ ၃ ဒသမ ၁၅ ဘီလီယံအထိ ရှိတယ်လို့လည်း မဂ္ဂဇင်းက ဖော်ပြထားပါတယ်။
ဘတ်စ်ကက်ဘောသမား လီဘွန်ဂျိမ်းစ်က ၀င်ငွေ ဒေါ်လာ ၇၇ သန်းကျော်နဲ့ တတိယလိုက်ပြီး တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒရာက ၅၅ သန်းကျော်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။
ဓာတ်ပုံ - မေရာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/153906





No comments:
Post a Comment