မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, March 7, 2016

အီဘာကိုနိုင်ပြီး ဘာစီလိုနာ ၃၆ ပွဲ ရှုံးပွဲမရှိ စံချိန် ဆက်ထိန်း (ရုပ်သံဟိုက်လိုက်)




မတ် ၆ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးတွေနဲ့ အီဗာ အသင်းကို ၄ ဂိုးပြတ် အနိုင်ရ သွားပါတယ်။

ဒီပွဲနိုင်လို့ ဘာစီလိုနာဟာ ၃၆ ပွဲအထိ ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင် ခဲ့ပါတယ်။

အဝေးကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘာကာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၈ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၄၁ မိနစ်မှာ မက်ဆီက သွင်းယူပါတယ်။

ဘာကာဟာ ကစားနေကြ ပုံစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပါတယ်။

တတိယဂိုးကို မက်ဆီရဲ့ ထိုးဖောက်မှုကနေတဆင့် ပင်နယ်တီကနေ ရသွားပါတယ်။

အဲဒီပင်နယ်တီကို မက်ဆီကပဲ အမှားအယွင်းမရှိ သွင်းယူပါတယ်။

ဒီဂိုးဟာ မက်ဆီအတွက် ဒီရာသီထဲမှာ သွင်းတဲ့ ၂၁ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

အပိတ်ဂိုးကို တိုက်စစ်မှူး ဆွာရက်က ၈၄ မိနစ်မှာ သွင်းယူပါတယ်။

နိုင်ပွဲဆက်တဲ့ ဘာကာက အမှတ်ပေးဇယားမှာ ၇၂ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာကအသင်းကို ၈ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138450


No comments:

Post a Comment