မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 4, 2016

သင့်တော်သည့် ဘောလုံးပွဲ လက်မှတ်ဈေးနှုန်း ဖြစ်ရန် ဗြိတိန်ဝန်ကြီးချုပ် တောင်းဆို




အင်္ဂလန် ဘောလုံးပွဲ လက်မှတ်တွေ ကြီးမြင့် လာတာကို သင့်တော်တဲ့ ဈေးနှုန်းတွေ ဖြစ်ဖို့ အတွက် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်က ဆန္ဒရှိနေ ပါတယ်။

အားကစား ၀န်ကြီးချုပ် ကလစ် အက်ဖော့ရဲ့ အဆိုပြု ချက်ကြောင့် လက်မှတ်ဈေးနှုန်း မြင့်တက် လာတဲ့ ကိစ္စကို ၀န်ကြီးချုပ်က စိစစ်နေတာ ဖြစ်ပါတယ်။

လာမယ့်ရာသီကနေ စပြီး အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေက ပြည်တွင်း ရုပ်သံလိုင်းတွေနဲ့ ၃ နှစ်စာ သဘောတူညီချက် ပေါင် ၅ ဒသမ ၁ ဘီလီယံကို ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားက သဘောတူညီချက်တွေနဲ့ ဆိုရင်တော့ ပေါင် ၈ ဘီလီယံအထိ ရှိသွားနိုင်ပါတယ်။

ပရီးမီးယားလိဂ်ထဲကို ငွေတွေ အရင်ကထက် ပိုဝင်လာတာဟာ အလုပ်ကြိုးစားမှုနဲ့ သန်းချီတဲ့ ပရိသတ်တွေရဲ့ ငွေတွေဆိုတာကို မမေ့သင့်သလို ကလပ်တွေက လက်မှတ်ဈေးနှုန်း မူဝါဒကို ပရိသတ်နဲ့ စီးပွားရေးလုပ်ငန်းကို ထိန်းထားနိုင်မယ့် ၀င်ငွေကြားမှာ မျှမျှတတ လုပ်ဆောင်သင့်တယ်လို့ အားကစားဝန်ကြီးထံ ပေးတဲ့စာမှာ ရေးသားထားပါတယ်။

ဘောလုံးပရိသတ်များ ဖက်ဒရေးရှင်းကတော့ ၀န်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။

အရင်လကလည်း လက်မှတ်ဈေးနှုန်းတွေ မြှင့်ဖို့ ကြိုးစားနေတဲ့အတွက် လီဗာပူးအသင်း ကစားချိန်မှာ ပရိသတ်တွေ ကွင်းထဲကနေ ထွက်ခွာ ဆန္ဒပြခဲ့ကြပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138070


No comments:

Post a Comment