မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, March 4, 2016

အကြမ်းဖက်မှုကြောင့် ဂရိဖလား ပြိုင်ပွဲများ ဖျက်သိမ်း



ဓာတ်ပုံ - အေပီ

အကြမ်းဖက် မှုတွေကြောင့် ဒီနှစ် ဘောလုံး ရာသီ ဂရိဖလား ပြိုင်ပွဲတွေကို မတ် ၃ ရက်မှာ အစိုးရက ဖျက်သိမ်း လိုက်ပါတယ်။

မတ် ၂ ရက်မှာ ဂရိဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမ အကျော့ အဖြစ် အိုလံပီယာကော့စ်နဲ့ ဆလွန်နီကာ ပွဲစဉ်မှာ လူအုပ်လိုက် အကြမ်းဖက်မှု ဖြစ်ပွား ခဲ့လို့ ပွဲကို ဖျက်သိမ်း လိုက်ရ ပါတယ်။

အိုလံပီယာကော့စ်က ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်နေ ချိန်မှာ ပင်နယ်တီ မပေးတဲ့ အတွက် ဆလွန်နီကာ ပရိသတ်တွေက မီးကျည်တွေ ပစ်ဖောက် ခဲ့သလို ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွား ခဲ့ပါတယ်။

ဂရိ လက်ထောက် အားကစား ၀န်ကြီးက ဘောလုံးပြိုင်ပွဲ အားလုံးကို ရပ်ဆိုင်းဖို့ ထောက်ခံချက် ပေးခဲ့ ပါတယ်။

ဒါပေမယ့်လည်း စူပါလိဂ်နဲ့ တခြား လိဂ်ပြိုင်ပွဲတွေ ကတော့ ဆက်လက် ကျင်းပမယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138083


No comments:

Post a Comment