မတ် ၃၊ ရန်ကုန်
မတ်လ ၂၉ရက်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ကစားမည့် လက်ဘနွန်-မြန်မာပွဲကို Free to Air ရုပ်သံလိုင်း ဖြစ်သော Channel-7 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်သည်။
မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် လက်ဘနွန် အသင်းတို့မှာ ပထမ အကျော့ ဆုံတွေ့ခဲ့စဉ်က လက်ဘနွန်က ၂-၀ ဂိုးဖြင့် အနိုင်ရ ထားပြီး ယခုပွဲကို လက်ဘနွန်နိုင်ငံတွင် ကစားမည် ဖြစ်သည်။
မြန်မာအသင်းနှင့် လက်ဘနွန် အသင်း တို့မှာ ၂၀၁၈ က မ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) အုပ်စု (ဆ) တွင် ကျရောက်နေပြီး လက်ဘနွန်က ၆ ပွဲ ကစား ထားကာ ရမှတ် ၁၀မှတ်၊ မြန်မာက ၇ပွဲ ကစား ထားကာ ရမှတ် ၇ မှတ် အသီးသီး ရထားသည်။
အုပ်စုတွင်း အဆင့် ၃နှင့် ၄ နေရာ ရရှိပါက ၂၀၁၉ အာရှဇုန် ခြေစစ်ပွဲ တတိယ အဆင့်မှ စတင် ကစားခွင့် ရမည်ဖြစ် သောကြာင့် လက်ဘနွန်နှင့် ပွဲမှာ မြန်မာ အသင်း အတွက် အရေးပါသော ပွဲစဉ် တစ်ပွဲ ဖြစ်သည်။
အုပ်စု ပထမနှင့် ဒုတိယရ အသင်းများမှာ ယူအေအီး နိုင်ငံတွင် ကျင်းပမည့် အာရှဖလား ပြိုင်ပွဲကို တိုက်ရိုက် ဝင်ပြိုင်ခွင့် ရမည်ဖြစ်သည်။
မြန်မာအသင်း ပါဝင်သော အုပ်စုတွင် ကူဝိတ် အသင်းကို ဖီဖာမှ အရေးယူ ထားသဖြင့် မြန်မာ အသင်းကို ၃-၀ ဂိုးဖြင့် အရှုံးပေး ထားရပြီး လက်ကျန် ပွဲများ ဆက်ကစားခွင့် ရမရ ကိုမူ ဖီဖာမှ ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်ရှိအချိန်တွင် မြန်မာအသင်းမှာ အုပ်စု စတုတ္ထ နေရာတွင် ရပ်တည်နေပြီး အာရှဖလား ခြေစစ်ပွဲ တတိယ အဆင့်မှ စတင် ကစားခွင့် ရရန် အတွက် လက်ဘနွန်နှင့် ပွဲတွင် သုံးဂိုးပြတ် မရှုံးရန် လိုအပ် နေသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/11901
No comments:
Post a Comment