
ဧပြီ ၂၅ ရက်က ယှဉ်ပြိုင် ခဲ့တဲ့ စီးရီးအေ ရိုးမားနဲ့ နာပိုလီ ပွဲစဉ်မှာ ရိုးမားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားတာပြီး လက်ကျန် သုံးပွဲ ကစားဖို့ ကျန်နေသေး aပမယ့် ၁၂ မှတ် ကွာဟ သွားတာကြောင့် ဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဂျူဗင်တပ် အသင်း ချန်ပီယံ ဖြစ်သွား ပါတယ်။
ရိုးမားနဲ့ နာပိုလီပွဲစဉ်မှာတော့ ပွဲချိန် ၈၉ မိနစ်မှာ နိုင်ဂိုလန်က ရိုးမားအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာ နာပိုလီအသင်းက ၇၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာ၊ ရိုးမားအသင်းက ၇၁ မှတ်နဲ့ တတိယ၊ အင်တာက ၆၄ မှတ်နဲ့ စတုတ္တနေရာမှာ ရှိနေပြီး ဖီအိုရင်တီးနားကတော့ ၅၉ မှတ်နဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/146843





No comments:
Post a Comment