မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 22, 2016

မန်ယူကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ယူရို ၂၀၁၆ ခေါ်သွားရေး မသေချာ




အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ပြင်သစ် ယူရို ၂၀၁၆ ကို ခေါ်သွားဖို့ မသေချာ ဘူးလို့ အင်္ဂလန် အသင်း မန်နေဂျာ ရွိုင်းဟော့ဆန်က ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် မားကပ်စ်ဟာ ဖေဖော်ဝါရီက စတင်ပြီး ပါဝင်ကစားခဲ့တဲ့ ၁၃ ပွဲမှာ ၇ ဂိုး သွင်းယူပေးထားလို့ ဟော့ဆန်က မျက်စိကျနေပါတယ်။

ဒါပေမယ့် သူ့ကို အင်္ဂလန်အသင်း လူစာရင်းထဲမှာ ထည့်ဖို့ကတော့ တော်တော်ကို စွန့်စွန့်စားစား ချမှတ်ရမယ့် ဆုံးဖြတ်ချက်ပဲလို့ ဟော့ဆန်က ပြောပါတယ်။

ဟော့ဆန်အနေနဲ့ အင်္ဂလန်အသင်းအတွက် မန်ယူက ရွန်နီ၊ တော့တင်ဟမ်က ဟယ်ရီကိန်း၊ လက်စတာက ဂျာမီး ဗာဒီ၊ လီဗာပူးက ဒယ်နီရယ် စတားရစ်နဲ့ အာဆင်နယ်က ဒင်နီဝဲလ်ဘတ်တို့လို ရွေးချယ်စရာ တိုက်စစ်မှူးတွေ အများအပြား ရှိနေပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/146231

No comments:

Post a Comment