မသင့်တော်တဲ့ အပြုအမူကို ပြုမူတယ်လို့ စွပ်စွဲ ခံထားရတဲ့ လက်စတာ တိုက်စစ်မှူး ဗာဒီက အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ရဲ့ စွဲချက်ကို လက်ခံ ခဲ့ပါတယ်။
ဝက်စ်ဟမ်း အသင်းနဲ့ ၂ ဂိုးစီ သရေ ကျတဲ့ ပွဲစဉ်မှာ ဒိုင်လူကြီး ဂျွန်မော့က ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ် လိုက်ချိန်မှာ အသက် ၂၉ နှစ် အရွယ် ဗာဒီက ဒိုင်လူကြီးနဲ့ ထိပ်တိုက်တွေ့ ခဲ့ပါတယ်။
ဒီစွဲချက်ကြောင့် ဗာဒီအနေနဲ့ ၂ ၀ါ ၁ နီကြောင့် တပွဲပယ်ပြစ်ဒဏ်အပြင် နောက်ထပ် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။
ဒါကြောင့် ဗာဒီက ဆွမ်ဆီးနဲ့ပွဲကို လွဲချော်မှာဖြစ်သလို မေ ၁ ရက် မန်ယူနဲ့ ကစားမယ့်ပွဲမှာလည်း ပါဝင်ကစားနိုင်ဖွယ် မရှိဘူးလို့ ဆိုပါတယ်။
ကစားသမားတွေကို မထိန်းချုပ်နိုင်ဘူးဆိုတဲ့ စွဲချက်ကိုလည်း လက်စတာအသင်းက လက်ခံခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/146249
No comments:
Post a Comment