
အမေရိကန် နိုင်ငံ မိုင်ယာမီ အိုးပင်း တင်းနစ် ပြိုင်ပွဲ ဗိုလ်လု ပွဲကို ဧပြီ ၃ ရက်နေ့က ကျင်းပ ခဲ့ရာ ကမ္ဘာ့ နံပါတ် ၁ ဂျိုကိုဗစ်က ဂျပန်က နီရှီကိုရီကို ၆-၃၊ ၆-၃ နဲ့ ၂ ပွဲပြတ် အနိုင်ရ ပါတယ်။
ဒါဟာ သူ့ အတွက် ၄ နှစ် ဆက်တိုက် မိုင်ယာမီ အိုးပင်း ချန်ပီယံ ဖလားကို ရရှိတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အတွက် ဆိုရင်လည်း သြစတြေးလျ အိုးပင်း၊ ကာတာ၊ အင်ဒီယံဝဲလ်စ် ဖလားတွေ အပြီး စတုတ္ထမြောက် ဆုဖလား ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/142991

No comments:
Post a Comment