မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, April 4, 2016

လက်ဆက်စတာ နိုင်ပွဲဆက်ပြီး ပရီးမီးယားလိဂ်ကို ဆက်လက် ဦးဆောင် (ရုပ်သံဟိုက်လိုက်)




ဧပြီ ၃ ရက်နေ့က ယှဉ်ပြိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်ဆက်စတာ အသင်းက နောက်ခံလူ မော်ဂန်ရဲ့ သွင်းဂိုးနဲ့ ဆောက်သမ်တန်ကို အနိုင်ရပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင် ထားနိုင်ခဲ့ ပါတယ်။

လက်ဆက်စတာအတွက် နောက်ဆုံး ယှဉ်ပြိုင်တဲ့ ၆ ပွဲမှာ ၁ ဂိုး ဂိုးမရှိ ရလဒ်နဲ့နိုင်တဲ့ ၅ ပွဲမြောက်လည်း ဖြစ်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဆောက်သမ်တန်အသင်းက အနည်းငယ် အသာရခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာ ဆောက်သမ်တန်တိုက်စစ်မှူး မာနီ လက်ဆက်စတာ ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ပေမယ့် လက်ဆက်စတာ နောက်ခံလူနဲ့ ထိသွားတဲ့အတွက် အပိုင်အခွင့်အရေးတခု နစ်နာခဲ့ရပါတယ်။

ဒီပွဲအတွက် တလုံးတည်းသော အနိုင်ဂိုးကို လက်ဆက်စတာ နောက်ခံလူ မော်ဂန်က ပွဲချိန် ၃၈ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာပါ။

ဒါဟာ ဒီရာသီမှာ မော်ဂန်အတွက် ပထမဆုံးသွင်းဂိုးလည်း ဖြစ်ပါတယ်။

ဒီပွဲနိုင်တဲ့ လက်ဆက်စတာအသင်းက ၆၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာက စပါးကို ၇ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဆောက်သမ်တန်ကတော့ ရမှတ် ၄၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142961


No comments:

Post a Comment