
ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ ဧပြီ ၃ ရက် ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး မာရှယ်ရဲ့ သွင်းဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးကန် သွင်းခွင့်တွေမှာ မန်ယူအသင်းက အနည်းငယ် အသာစီးရ ရှိခဲ့ပါတယ်။
ပွဲစဉ်ပထမပိုင်းမှာ တဘက်နဲ့ တဘက် အပြန်အလှန် ကစားခဲ့ကြပေမယ့် ထိရောက်တဲ့ ဂိုးကန်သွင်းမှု မရှိခဲ့ဘဲ ဂိုးမရှိသရေ ကျခဲ့တာပါ။
ဒီပွဲစဉ်မှာ မန်ယူနောက်တန်းကစားသမား ဒါလေဘလိုင်း အထူးခြေစွမ်းပြ ကစားခဲ့သလို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ တိုက်စစ်မှူး မာရှယ်က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် မန်ယူဟာ ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ ကို တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန်ကတော့ ၃၈ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/142958





No comments:
Post a Comment