မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 3, 2016

ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး ၃ သင်းပေါင်း ၁၂ ဂိုးထိ သွင်းယူ (ရုပ်သံဟိုက်လိုက်)




ဧပြီ ၂ ရက်နေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ဖြစ်ကြတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီး အသင်းတွေ ၃ သင်းပေါင်း ၁၂ ဂိုး အထိ သွင်းယူ ခဲ့ကြပါတယ်။

ဧပြီ ၂ ရက်ည အစောဆုံး ကန်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အိမ်ရှင် အက်စတွန်ဗီလာ အသင်းကို ချဲလ်ဆီးက တဖက်သတ် အသာစီးရယူပြီး ၄ ဂိုးပြတ် အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကိုတော့ ၂၆၊ ၄၅နဲ့ မိနစ်တွေမှာ ရူဘန်နဲ့ ပါတို (ပင်နယ်တီ) တို့က ၁ ဂိုးစီသွင်းယူခဲ့ပြီး ပက်ဒရိုကတော့ ၄၆ နဲ့ ၅၉ မိနစ်တွေမှာ ၂ ဂိုးသွင်း ယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ ၀က်ဖို့ဒ်အသင်းကို တဖက်သတ် အသာစီးရယူပြီး ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ပွဲစစချင်း ၄ မိနစ်မှာ အလက်ဆန်းချက်က ၁ ဂိုးနဲ့ အိုင်ဝိုဘီက ၃၈ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းကပဲ ဘောလုံးအသာစီးနဲ့ ဆက်လက် ထိုးဖောက်ကစားနိုင်ခဲ့ပြီး ဘယ်လာရင်က ၄၈ မိနစ်မှာ ၁ ဂိုးနဲ့ သီအိုဝေါကော့က မိနစ် ၉၀ မှာ ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ အဝေးကွင်းမှာ ဘုန်းမောက်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။

မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကို ၇၊ ၁၂၊ ၁၉ နဲ့ မိနစ် ၉၀ တွေမှာ ဖာနန်ဒို၊ ကီဗင်ဒီဘရူး၊ အဂူရိုနဲ့ ကိုလာရော့တို့က အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက အဆင့် ၁၀၊ အာဆင်နယ်က အဆင့် ၃ နဲ့ မန်စီးတီးက အဆင့် ၄ မှာ ရပ်တည်နေပါတယ်။





by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/142827

No comments:

Post a Comment