မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, April 7, 2016

ကိုကင်းနှင့် ဆေးခြောက်သုံးဟု အမေရိကန် အမျိုးသမီး ဘောလုံးသမား ၀န်ခံ



ဓာတ်ပုံ - ရိုက်တာ

အမေရိကန် အမျိုးသမီး ဘောလုံး အသင်းနဲ့ အတူ ကမ္ဘာ့ဖလားနဲ့ အိုလံပစ် ချန်ပီယံ ရယူခဲ့သူ အက်ဘီဝမ်ဘက်ခ်ျက ကိုကင်းနဲ့ ဆေးခြောက် သုံးတယ်လို့ ၀န်ခံ ပါတယ်။

ဧပြီ ၂ ရက်က မူးပြီး ကားမောင်းတဲ့ အတွက် ၀မ်ဘက်ခ်ျ အဖမ်းခံ ခဲ့ရပါတယ်။

တရားရုံးနဲ့ပတ်သက်တဲ့ အထောက် အထားတွေမှာတော့ အသက် ၂၅ နှစ်မှာ ကိုကင်း သုံးဖူးတယ်လို့ ဆိုပါတယ်။

အသက် ၃၅ နှစ်ရှိ ၀မ်ဘက်ခ်ျဟာ ဆေးခြောက်ကို ၂၄ နှစ်မှာသုံးပြီး ၂၅ နှစ်မှာ သုံးတာ ရပ်တန့်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါ့လန်က တရားရုံးတခုမှာ အရက်မူးပြီး ကားမောင်းတဲ့အတွက် သူဟာ တရားရင်ဆိုင်နေရပြီး အရင်ကတော့ အခုလို အဖမ်းခံခဲ့ရခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာလက ဘောလုံးကစားတာကနေ အနားယူသွားတဲ့ ၀မ်ဘက်ခ်ျနဲ့ ကြော်ငြာတွေကို မီနီယူအက်စ်အေက ရုပ်သိမ်းလိုက်ပါတယ်။

သူမဟာ အမေရိကန်အသင်းအတွက် ပွဲပေါင်း ၂၅၅ ပွဲကစားပြီး ၁၈၄ ဂိုးသွင်းထားသလို အမေရိကန်ကို ၂၀၁၅ ကမ္ဘာ့ဖလားရအောင်လည်း ကူညီခဲ့ပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/143476


No comments:

Post a Comment