
ဧပြီ ၆ ရက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာတော့ ဂျာမန် ဘွန်ဒစ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်က ပေါ်တူဂီ ကလပ် ဘင်ဖီကာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွား ပါတယ်။
ပွဲအစ ၂ မိနစ်မှာ ဘိုင်ယန် အလယ်တန်းလူ ဗစ်ဒယ်ရဲ့ ခေါင်းတိုက်သွင်းယူသွားတဲ့ ဂိုးနဲ့ အနိုင်ရရှိသွားတာလည်း ဖြစ်ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့် အသာရခဲ့ပေမယ့် ဘင်ဖီကာအသင်းရဲ့ ညီညာတဲ့ ကစားပုံကြောင့် ဘိုင်ယန်အသင်း ရုန်းကန်ခဲ့ရပါတယ်။
ဒီပွဲဟာ နည်းပြ ဂွာဒီယိုလာ အသင်းကို တာဝန်ယူကိုင်တွယ်တဲ့ ၁၅၀ မြောက်ပွဲဖြစ်ခဲ့ပြီး ၁၁၄ ပွဲ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ်။
အနိုင်ရတဲ့အတွက် ပျော်ရွှင်မိသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒုတိယအကျော့က အဓိကကျတဲ့ သော့ချက်ဖြစ်ပြီး လစ္စဘွန်းကို အနိုင်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သွားမယ်လို့ ဂွာဒီယိုလာက ပွဲအပြီး ပြောပါတယ်။
ဘိုင်ယန်အသင်းအနေနဲ့ ကစားတဲ့ပုံစံကို ပြောင်းလဲမှ လာမယ့် ဧပြီ ၁၃ ရက် ဘင်ဖီကာ အိမ်ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143290

No comments:
Post a Comment