
ဧပြီ ၆ ရက် မနက်ပိုင်းမှာ ကစား သွားတဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ စပိန်လာလီဂါ အသင်း အချင်းချင်း တွေ့တဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းက အက်သလက်တီကို မက်ဒရစ်ကို ၂ ဂိုး၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပိုင်း ၂၅ မိနစ်မှာ အက်သလက်တီကို ရှေ့တန်းတိုက်စစ်မှူး တောရက်စ် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၉ မိနစ်နဲ့ ၃၅ မိနစ်မှာ အ၀ါကတ် ၂ ခါပြခံရလို့ ၂ ၀ါ ၁ နီနဲ့ တောရက်စ် ထွက်သွားရတဲ့နောက် ပွဲက တမျိုးတဖုံ ပြောင်းလဲသွားပါတယ်။
ဒုတိယပိုင်း ၆၃ မိနစ်မှာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ်က ချေပဂိုးသွင်းယူခဲ့သလို ၇၄ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူသွားလို့ ပထမအကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့် အသာစီးရယူ ကစားသွားခဲ့ပါတယ်။
ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၃ ရက်ကျရင် အက်သလက်တီကိုကွင်းမှာ ပြန်ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143287

No comments:
Post a Comment