
အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင် နေတဲ့ လက်ဆက်စတာ စီးတီး အသင်းက တိုက်စစ်မှူး ဂျာရမီး ဗာဒီရဲ့ တနှစ် အရွယ် သမီးငယ်ကို လိင်ပိုင်း ဆိုင်ရာ ခြိမ်းခြောက် မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး နေပါတယ်။

လူမှုကွန်ရက် တွစ်တာမှာ တနှစ်သမီးငယ် ဆိုဖီယာရဲ့ပုံကို တင်ပြီးတဲ့နောက် အခုလို ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လက်ဆက်စတာ ရဲတွေကတော့ ကလပ်နဲ့အတူ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ ၁၉ ဂိုးသွင်းထားတဲ့ ဗာဒီကတော့ ဒီခြိမ်းခြောက်မှုကို ထိတ်လန့်မိတယ်လို့ ပြောပါတယ်။
တွစ်တာမှာ ခြိမ်းခြောက်မှုကို ဗာဒီက စခရင်ရှော့ခ် ရိုက်ယူထားပြီး လူ ၂ သိန်းကျော် နောက်လိုက်ရှိတဲ့ သူ့ရဲ့အကောင့်မှာ တင်လိုက်ရာ အများစုက ခြိမ်းခြောက်မှုကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143133

No comments:
Post a Comment