
ဓာတ်ပုံ - Getty Images
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူ လုရှောက ဧပြီ ၄ ရက် လေ့ကျင့်ရေး ဆင်းရာမှာ ပြန်ပါ လာခဲ့ ပါတယ်။
သူဟာ စက်တင်ဘာလ ပီအက်စ်ဗွီ အိုင်ဟိုဗင်နဲ့ ကစားတဲ့ ချန်ပီယံလိဂ် ပွဲမှာ ခြေထောက် ကျိုးသွား ခဲ့တာ ဖြစ်ပါတယ်။
လုရှောပြန်လာ ခဲ့တဲ့ သတင်းကို အသင်းဖော် ဂျူအန်မာတာက လူမှုကွန်ရက် အင်စတာဂရမ်မှာ ဓာတ်ပုံ တင်ပြီး အတည်ပြု ခဲ့ပါတယ်။
ရှောအနေနဲ့ ယူရို ၂၀၁၆ မှာ အင်္ဂလန်ကိုယ်စားပြု ပြန်ပါနိုင်ဖို့အတွက်လည်း ယှဉ်ပြိုင်နိုင်တယ်လို့ အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်းဟော့ဆန်က ပြောပါတယ်။
မန်ယူနည်းပြ ဗန်ဂါးကတော့ ရှောက ပြိုင်ပွဲမတိုင်မီ ကစားနိုင်ဖို့ မထင်သေးဘူးလို့ အရင် သီတင်းပတ်က ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/143124






No comments:
Post a Comment