မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 21, 2016

မိုချန်ဂလာဘတ် အသင်းခေါင်းဆောင်ကို အာဆင်နယ်ခေါ်ယူရန် နီးစပ်




အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ် အသင်းဟာ ဂျာမနီ ဘွန်ဒစ်လီဂါက ဘရော့ရှား မိုချန်ဂလာဘတ်က အသင်း ခေါင်းဆောင် ဂရင်းနစ်ဟာခါကို ခေါ်ယူဖို့ နီးစပ်နေ ပါတယ်။

ပေါင် သန်း ၃၀ နဲ့ ဆွစ်ဇာလန် အလယ်တန်း လူကို ခေါ်ယူဖို့ ကလပ် ၂ သင်း သဘော တူညီ ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းပတ်မှာ ဆေးစစ်ဖို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ထွက်ခွာသွားတဲ့ မိုက်ကယ်အာတီတာ၊ ရိုဆင်းစကီနဲ့ ထွက်ခွာဖွယ်ရှိနေတဲ့ ဖလာမီနီတို့ကြောင့် အားလျော့သွားတဲ့ အလယ်တန်းကို ဟာခါက အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/150914

No comments:

Post a Comment