မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 28, 2016

ယူရို ၂၀၁၆ မိတ်ဆက် - အိမ်ရှင်ပြင်သစ် အသင်းအကြောင်း တစေ့တစောင်း




ဘောလုံး aလာကမှာ ကမ္ဘာ့ဖလားပွဲ ပြီးရင် အရှိန်အ၀ါ အကြီးမားဆုံး ဖြစ်တဲ့ ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲ ကြီးကို ပြင်သစ်နိုင်ငံမှာ လာမယ့် ဇွန် ၁၀ ရက်က ဇူလိုင် ၁၀ ရက် အထိ တလကြာ ကျင်းပ တော့မှာ ဖြစ်ပါတယ်။

လေးနှစ် တကြိမ် ကျင်းပတဲ့ ဒီပြိုင်ပွဲကို အခုနှစ်မှာ အုပ်စု ၆စုခွဲ ပြိုင်ပွဲဝင် အသင်း အရေ အတွက် ၂၄ သင်း အထိ တိုးမြှင့်ကာ ပုံစံသစ်နဲ့ ကျင်းပမှာ ဖြစ်ပြီး အုပ်စု အဆင့်ပြီးရင် အရင်လို ကွာတားဖိုင်နယ် ရောက်မှာ မဟုတ်ဘဲ ကြားမှာ ရှုံးထွက် အဆင့် တခုကို ဖြတ်သန်း ရမှာပါ။

ပြိုင်ပွဲဝင် အသင်းတွေ ထဲက အိမ်ရှင် ပြင်သစ် အသင်းအကြောင်း တစေ့ တစောင်းကို မိတ်ဆက် ဖော်ပြ ပေးလိုက် ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စု (အေ)မှာ ဆွစ်ဇာလန် ၊ ရိုမေးနီးယားနဲ့ အယ်လ်ဘေးနီးယားအသင်းတွေနဲ့ တအုပ်စုထဲကျနေပြီး အုပ်စုအတန်အသင့် ချောင်တယ်လို့ဆိုနိုင်ပြီး အိမ်ရှင်ဖြစ်တဲ့အတွက် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတစ်သင်း ဖြစ်ပါတယ်။

ပြင်သစ်ရဲ့ ကစားသမားစုဖွဲ့မှုအပိုင်းဟာ တော်တော်လေး တောင့်တင်းနေပြီး ဥရောပက လပ်အသင်းကြီးတွေမှာ ကစားနေတဲ့ ကစားတွေ အများအပြားပါဝင်နေပါတယ် ။တိုက်စစ်မှာ မန်ယူက မာရှယ်၊ အက်သလက်တီကိုက ဂရစ်ဇ်မန်း၊ အလယ်တန်းမှာ ပေါ့ဘာ၊ ကာဗာရီ၊ မက်တူဒီ နောက်တန်းမှာ အီဗရာ၊ဗာရန်တီ၊ကော့စီရယ်နီ တို့လို ကစားသမား တွေ ပါဝင်ပါတယ်။

လူငယ်နှင့်လူကြီးအချိုးကျဖွဲ့စည်းထားတဲ့ ပြင်သစ် အသင်းရဲ့ခြေစွမ်းဟာ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ဒါပေမယ့် လက်ရွေးစင်အသင်းမှာ ၈၁ ပွဲကစားပြီး ၂၇ ဂိုးသွင်းပေးခဲ့တဲ့ ၀ါရင့်ကစားသမား ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာကတော့ အသင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။

နည်းပြအဖြစ်တော့ ၂၀၁၂ ခုနစ်ထဲက ကိုင်တွယ်ခဲ့တဲ့ လက်ရွေးစင်ဟောင်း ဒီဒီယာဒက်ချမ့်စ် က ကိုင်တွယ်သွားမှာပါ။ မာဆေးနဲ့ မိုနာကို အသင်းတွေမှာ အောင်မြင်ခဲ့တဲ့ ဒက်ချမ့်စ် ပြင်သစ်မှာတော့ အောင်မြင်မှု မရသေးပါဘူး။

ပြင်သစ်အသင်းဟာ အိမ်ရှင် အသင်းအဖြစ်လက်ခံ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မှု တွေရယူထားနိုင်တဲ့ အသင်းတစ်သင်းပါ။ ၁၉၈၄ နဲ့ ၂၀၀၀ ယူရိုပြိုင်ပွဲတွေမှာ အနိုင်ရဗိုလ်စွဲခဲ့ဖူးတဲ့ ပြင်သစ်တို့ ၁၀ စုနှစ်တခုကျော်အကြာ ကိုယ့်မြေမှာ တခါပြန်လည် ဗိုလ်စွဲနိုင်မလားဆိုတာကတော့။

ပဏာမ လူစာရင်း

ဂိုး- ဟူဂိုလိုရစ် (စပါး)၊ မန်ဒန်ဒါ (မာဆေး)။

နောက်တန်း- အီဗရာ (ဂျူဗင်တပ်)၊ ရာမီ (ဆီဗီးလာ)၊ ဆဂ်ညာ (မန်စီးတီး၊ ဒစ်နစ်( ရိုးမား) ၊ကော့စီရယ်နီ (အာဆင်နယ်) ၊ မက်သရူး( ဘာစီလိုနာ)၊ ဂျယ်လက်(လိုင်ယွန်)။

အလယ်တန်း- ကာဗာရီ (ပဲလေ့စ်)၊ ဒီယာယာ( မာဆေး)၊ ကန်တီ(လက်စတာ)၊ မက်တူဒီ(ပီအက်စ်ဂျီ)၊ ဆစ်ဆိုခို (နယူးကာဆယ်)၊ ပေါ့ဘာ (ဂျူဗင်တပ်)၊ ပါယက်( ၀က်စ်ဟမ်း)။

ရှေ့တန်း- ဂီရောက်ဒ်(အာဆင်နယ်)၊ ဂရစ်ဇ်မန်း( အက်သလက်တီကို)၊ မာရှယ်(မန်ယူ)၊ ကိုးလ်မန်း(ဘိုင်ယန်)။

အုပ်စုပွဲစဉ်

ဇွန် ၁၁ ပြင်သစ်- ရိုမေးနီးယား

ဇွန် ၁၆ ပြင်သစ်- အယ်လ်ဘေးနီးယား

ဇွန်၂၀ ပြင်သစ်- ဆွစ်ဇာလန်

by DVB

Originally published at - http://burmese.dvb.no/archives/151993

No comments:

Post a Comment