
မေ ၂၂၊ ပဲရစ်
ပြင်သစ် အက်ဖ်အေ ဖလား ဗိုလ်လု ပွဲစဉ်တွင် ပီအက်စ်ဂျီ အသင်းက မာဆေးလ် အသင်းကို ၄ ဂိုး၊ ၂ ဂိုးဖြင့် အနိုင်ရ ခဲ့ပြီး ပြည်တွင်း ဆုဖလား သုံးလုံးစလုံးကို ၂ နှစ်ဆက် သိမ်းပိုက်နိုင် ခဲ့သည်။
ပီအက်စ်ဂျီကစားသမားဘ၀၏နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့သော ထိုပွဲစဉ်တွင် အီဗရာဟီမိုဗစ်ခ်ျသည် အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။
မိုဗစ်ခ်ျသည် ၂၀၁၂ ခုနှစ်က အေစီမီလန်မှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြင်သစ်ကလပ်တွင် ဆုဖလားပေါင်း ၁၂ လုံးအထိ ရယူပေးနိုင်ခဲ့သည်။ ပွဲပေါင်း ၁၈၀ ကစားခဲ့ပြီး ၁၅၆ ဂိုးအထိသွင်းယူပေးခဲ့သည်။
မိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီတို့ ချုပ်ဆိုထားသော စာချုပ်မှာ ယခုနှစ်အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မိုဗစ်ခ်ျမှာ ရာသီသစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းရွှေ့တော့မည်ဖြစ်သည်။ မိုဗစ်ခ်ျမှာ မန်ယူ သို့မဟုတ် အယ်လ်အေဂလက်ဆီသို့ ရောက်ရှိဖွယ်ရှိနေကြောင်း လက်ရှိတွင် သတင်းများ ထွက်ပေါ်နေသည်။
'လက်ရှိ ပီအက်စ်ဂျီအသင်းက လုံးဝစပါယ်ရှယ်ပါပဲ။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ မယုံကြည်နိုင်စရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ဒီအသင်းကို ကျွန်တော် အမြဲသတိရနေမှာပါ။ အသက် ၃၄ နှစ်ရှိနေပြီ ဖြစ်ပေမယ့် ဂိုး ၅၀ အထိသွင်းနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ အကောင်းဆုံးရာသီအဖြစ် ကစားနိုင်ခဲ့ပါတယ်။ အခုထက်ထိ ကျွန်တော်က အောင်မြင်မှုတွေကို ဆာလောင်ပြီး အသင့်ရှိနေဆဲပါ' ဟု မိုဗစ်ခ်ျက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးဒေါ့ကွန်း
မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/14448





No comments:
Post a Comment