Thursday, May 5, 2016
မန်စီးတီးကို အနိုင်ယူပြီး ရီးရဲလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)
မေလ ၄ ရက်နေ့ ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ပွဲမှာ စပိန် လာလီဂါ ထိပ်သီး ရီးရဲလ် မက်ဒရစ်က အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာ စီးတီး အသင်းကို တလုံး တည်းသောဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွား ခဲ့ပါပြီ။
ပထမပိုင်း မိနစ် ၂၀ လောက်မှာ ရီးရဲလ်အသင်းက ဒန်နီ ကာဗာဂျယ် အလိုက်သင့် မျှောပေးလိုက်တဲ့ ဘောလုံးကို ဂါရတ်ဘေးက မန်စီးတီး ဂိုးဧရိယာထဲထိ ဆွဲပြေးပြီး ဂိုးရှေ့ကို ချိုးပေးတဲ့ ဘောလုံးဟာ မန်စီးတီးနောက်ခံလူ ဖာနန်ဒိုရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းလွဲ ဂိုးဝင်သွားခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ စီရော်နယ်လ်ဒိုလည်း ဒီနေ့ပွဲမှာတော့ ပွဲချိန်ပြည့် ကစားသွားပြီး တိုက်စစ်မှူး ဘန်ဇီမာကလွဲပြီး အသင်းရဲ့ အဓိက ကစားသမားတွေ အစုံပါခဲ့သလို မန်စီးတီးအသင်းမှာလည်း ကွင်းလယ်လူ ဆေးလ်ဗားကလွဲပြီး အဓိက ကစားသမားတွေ ပါဝင်ကစားခဲ့တာပါ။
ဒီပွဲမှာ ရီးရဲလ်ကပဲ အသာစီးကနေ ကစားသွားပြီး မန်စီးတီးကတော့ ပွဲပြီးဆုံးခါနီး မိနစ်တွေမှာသာ ရီးရဲလ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ဂိုးမရှိနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားပြီး တဘက်မှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်လာတဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။
ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို မေလ ၂၈ ရက်နေ့ကျရင် အီတလီနိုင်ငံ မီလန်မြို့ ဆန်စီရို အားကစားကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148306
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment