
မေ ၇ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက နော့ဝစ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ သွားပါတယ်။
နော့ဝစ်အိမ်ကွင်းမှာ ပထမပိုင်း နှစ်သင်းလုံး ကစားပုံမကောင်းခဲ့သလို မန်ယူကစားသမားတွေ ဘောလုံး အသာစီး ရယူကစားနိုင်ခဲ့ပေမယ့် အပေးယူတွေ လွဲချော်ခဲ့လို့ ဂိုးကန်သွင်းခွင့်လည်း မရပါဘူး။
ပွဲချိန် ၄ မိနစ်လောက်မှာ နော့ဝစ် အသင်းက အပိုင်ဂိုးသွင်းခွင့်ရခဲ့ပေမယ့် မန်ယူ ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ မန်ယူအသင်း ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်း အချိတ်ဆက် မိမိနဲ့ ကစားပုံ ကောင်းခဲ့လို့ နော့ဝစ်အသင်းက ခံစစ်သဘောမျိုး ကစားခဲ့ပါတယ်။
မန်ယူအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ နော့ဝစ်နောက်ခံလူတွေ ဖျက်ထုတ်နေတဲ့ကြားက ရွန်းနီ အသာလေး ထိုးပေးလိုက်တဲ့ ဘောလုံးကို မာတာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် မန်စီးတီးအသင်းရဲ့နောက် ၁ မှတ်လျော့ ၆၃ မှတ်နဲ့ အဆင့် ၅ မှာ ဆက်လက်ရပ်တည်နေပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရရေး မျှော်လင့်ချက် ရှိနေပါသေးတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြီးဆုံးဖို့ ၂ ပွဲသာ ကျန်ရှိတော့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်လေးနေရာရဖို့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ အပြိုင်ဆိုင် ဖြစ်နေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/148766

No comments:
Post a Comment