အင်္ဂလန် ပရီးမီးယားလိဂ်က တန်းဆင်း သွားရတဲ့ အက်စ်တွန် ဗီလာ အသင်းကို ၀ယ်ယူတဲ့ တရုတ် သူဋ္ဌေး ဒေါက်တာ တိုနီဇီက မန်နေဂျာသစ် အနေနဲ့ ကစားသမားတွေ ၀ယ်ယူဖို့ ပေါင်သန်း ၅၀ ပေးသွား မယ်လို့ ဆိုပါတယ်။
ကလပ်အသင်း အတွက် ပေါင်သန်း ၂၀ ကနေ ၃၀၊ ၃၀ ကနေ သန်း ၄၀၊ ၄၀ ကနေ သန်း ၅၀ အထိ အသုံး စာရင်း ရှိသလို နည်းပြသစ် ရောက်လာမှ ဒါကို အတည်ပြု မယ်လို့ ဇီက ပြောပါတယ်။
ဒါ့အပြင် ဗီလာ မန်နေဂျာ အတွက် ချဲလ်ဆီးနဲ့ ၀က်စ်ဟမ်းကို နည်းပြခဲ့ဖူးတဲ့ ရောဘတ် တိုဒီ မက်တီယိုကို ချိတ်ဆက် နေတယ်လို့ အတည်ပြု ပါတယ်။
ဒေါက်တာ တိုနီဇီက ရန်ဒီလာနာဆီကနေ ပေါင်သန်း ၆၀ နဲ့ ဒီသီတင်းပတ်မှာ ၀ယ်ယူတာ ဖြစ်ပါတယ်။
အရောင်းအ၀ယ် အတည်ပြု ဖြစ်မယ်ဆိုရင်တော့ စုစုပေါင်းကုန်ကျစရိတ် ပေါင်သန်း ၁၀၀ ကျော်တယ်လို့လည်း ဇီက ပြောပါတယ်။
ဗီလာအသင်းဟာ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ၁၇ မှတ်သာ ရရှိတာကြောင့် အင်္ဂလန် ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/150700
No comments:
Post a Comment