မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 20, 2016

လမ်းပတ်နှင့် ဂျရတ် မေဂျာလိဂ် ၀င်ငွေ အများဆုံးရ ၅ ဦးတွင် ရပ်တည်




အမေရိကန် မေဂျာလိဂ် ဘောလုံး ပြိုင်ပွဲမှာ လမ်းပတ်နဲ့ ဂျရတ်တို့ဟာ ၀င်ငွေ အများဆုံး ရတဲ့ ထိပ်တန်း ကစားသမား ၅ ဦး စာရင်းမှာ ရပ်တည် နေပါတယ်။

မေဂျာလိဂ်မှာ ၀င်ငွေ အများဆုံး ရတဲ့ ကစားသမား ကတော့ အော်လန်ဒို စီးတီးမှာ ကစားနေတဲ့ ဘရာဇီး ကစားသမား ကာကာ ဖြစ်ပြီး တလကို ဒေါ်လာ ၇ သန်း ရရှိနေ ပါတယ်။

အယ်လ်အေဂလက်စီမှာ ကစားနေတဲ့ ဂျရတ်ကတော့ ဒေါ်လာ ၆ သိန်း ၁ သောင်းကျော်နဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နေသလို နယူးယောက်စီးတီးမှာ ကစားနေတဲ့ လမ်းပတ်ကတော့ ဒေါ်လာ ၆ သိန်း ရရှိနေပါတယ်။

မေဂျာလိဂ်မှာ ၀င်ငွေအနည်းဆုံး ကစားသမားကတော့ မောင်ထရီရယ်ဘယ်လီဇန်က တိုက်စစ်မှူး မိုက်ကယ် ဆာလာဇာဖြစ်ပြီး တနှစ်ကို ဒေါ်လာ ၅၁၄၉၂ သာ ရရှိထားတဲ့အတွက် ကာကာရဲ့ ၃ ရက်တာဝင်ငွေထက် နည်းတယ်လို့ မေဂျာလိဂ် ကစားသမားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Getty Images

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/150673

No comments:

Post a Comment