
ယူရို ၂၀၁၆ အကြို ခြေစမ်းပွဲ အဖြစ် ဂျာမနီနဲ့ ဆလို ဗက်ကီးယား အသင်းတို့ မေလ ၂၉ ရက် ညက ယှဉ်ပြိုင်ရာ ဆလို ဗက်ကီးယား အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီဟာ အခု အထိ လေးပွဲ ကစားခဲ့ ရာမှာ သုံးပွဲ ရှုံးထားပါတယ်။
ပွဲအပြီးမှာ ဂျာမနီနည်းပြ ဂျိုအာချင်လိုက သူ့အသင်းရဲ့ ကစားပုံမှာ အချိတ် အဆက် မမိဘူးလို့ ၀န်ခံ ပါတယ်။
ဆလိုဗက်ကီးယားနဲ့ပွဲမှာ နည်းပြက အဓိက ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ မာကိုရူးစ်၊ ဂိုးသမား မန်နူရယ် နူအာတို့ကို ထုတ်မသုံးခဲ့ဘဲ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ဇူလိုင်လ ၄ ရက်နေ့ကျရင် ဟန်ဂေရီအသင်းနဲ့ ကစားဖို့ ရှိပါတယ်။
ယူရို ၂၀၁၆ မှာတော့ ဂျာမနီအသင်းဟာ အုပ်စု စီမှာ ယူကရိန်း၊ ပိုလန်၊ မြောက်အိုင်ယာလန်တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152263





No comments:
Post a Comment