
မေ ၂၉၊ မာဆေး
ပြင်သစ် ကွင်းလယ် ကစားသမား ဒီယာရာသည် ၎င်း၏ အသင်းဟောင်း လိုကိုမိုးတစ် မော်စကို အသင်းကို လျော်ကြေးယူရို ၁၀ သန်းပေးရန် အမိန့်ချ ခံရသည်။
အသက် ၃၁ နှစ် အရွယ် ကစားသမားသည် ၂၀၁၄ တွင်ရုရှ ကလပ်မှ ထွက်ခွာ ခဲ့စဉ်က စာချုပ်ဖောက်ဖျက် ခဲ့သည်ဟု အားကစား အငြင်းပွားမှု ဆိုင်ရာ တရားရုံးက ယူဆ ခဲ့၍ဖြစ်သည်။
မာဆေးတွက်လက်ရှိကစားနေသော ဒီယာရာသည် လစာလျှော့ချ ခံရပြီးနောက် လိုကိုမိုးတစ် အသင်းမှ ထွက်ခွာ ခဲ့သည်။
"ကျွန်တော်လုပ်ခဲ့တဲ့ အခြေအနေကို ကျွန်တော်လက်ခံသွားမှာပါ"ဟု ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ပို့စ်မောက်ကစားသမားဟောင်းက ပြောသည်။
ဒီယာရာသည် ချယ်လ်ဆီး၊ ပို့စ်မောက်တို့နှင့်အတူ အက်ဖ်အေဖလားရရှိခဲ့ဖူးပြီး ယူရို ၂၀၁၆ ပြိုင်ပွဲဝင် ပြင်သစ်အသင်း၏ ကစားသမား ၂၃ ဦးစာရင်းတွင် ရွေးချယ်ခံထားရသည်။
တစ်နှစ်ကျော်ခန့်က လိုကိုမိုးတစ်မှထွက်ခွာခဲ့ပြီးနောက် ၂၀၁၅ တွင် မာဆေးအသင်းနှင့် စာမချုပ်မီ ၁၅ လပွဲပယ်ပြစ်ဒဏ်လည်း ခံခဲ့ရသည်။
Ref; BBC
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/14655

No comments:
Post a Comment