
မေ ၅၊ လက်စတာ
အသင်း၏ သမိုင်းဝင် အောင်မြင်မှု အဖြစ် ပရီးမီးယားလိဂ် ဖလား ရရှိအောင် စွမ်းဆောင် ပေးခဲ့ ကြသည့် ကစားသမား များကို လက်စတာ အသင်းပိုင်ရှင် Vichai Srivaddhanaprabha က Mercedes ကားများ လက်ဆောင် ပေးခဲ့သည်။
လက်စတာကစားသမားအားလုံးသည် တူညီသည့် Mercedes B-Class Electric Drive ဇိမ်ခံကားများ လက်ဆောင်ရရှိကြပြီး ကားတစ်စီး၏ တန်ဖိုးမှာ ပေါင် ၃၂,၆၇၀ ဖြစ်သည်။ ထို့ကြောင့် အသင်းပိုင်ရှင် Vichai အနေဖြင့် စုစုပေါင်း ပေါင် ၁ သန်းလောက် ကုန်ကျမည် ဖြစ်သည်။
Vichai သည် လက်စတာအသင်းချန်ပီယံဖြစ်ခဲ့ပါက အသင်းသားများကို လက်စ်ဗီးဂက်စ်သို့ အလည်အပတ်ပို့ဆောင်ပေးမည်ဟုလည်း ကတိပေးထားပြီး ဖြစ်သည်။ ထို့အပြင် အပိုဆုကြေးအဖြစ် ပေါင် ၆.၅ သန်း ပေးချေရန်လည်း သဘောတူညီထားသည်။
လက်စတာအသင်း၏ ထူးခြားသည့် အောင်မြင်မှုကြောင့် အသင်းအမှတ်တံဆိပ်မှာ တန်ဖိုးမြင့်တက်လာမည်ဖြစ်ပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရမည် ဖြစ်သည့်အတွက် ၀င်ငွေများထပ်တိုးဦးမည် ဖြစ်သည်။ ထို့ကြောင့် အသင်းပိုင်ရှင် Vichai က အသင်းသားများကို ဆုကြေးပိုမို ပေးအပ်သင့်သည်ဟု ယုံကြည်နေသည်။
Ref: Daily Mail
မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/13854

No comments:
Post a Comment