မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 11, 2016

မက်ဆီ ဟက်ထရစ်သွင်းပြီး အာဂျင်တီးနားက ပနားမားကို ၅ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ဇွန် ၁၁ ရက် မနက်ပိုင်းက ကစား သွားတဲ့ ကိုပါ အမေရိက ဖလား အုပ်စု (ဒီ) ဒုတိယ ပွဲစဉ် မှာတော့ အာဂျင်တီးနားက ၅ ဂိုး ဂိုးမရှိနဲ့ ပနားမားကို အနိုင် ကစားပြီး ဒုတိယ အဆင့်ကို တက်ရောက် သွားပြီ ဖြစ်ပါတယ်။

ပထမပိုင်း ၇ မိနစ်မှာ အိုတာမန်ဒီက အာဂျင်တီးနားအတွက် အဖွင့်ဂိုး စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ ပနားမားအသင်းက ကစားသမား တဦး ၂ ၀ါ တနီနဲ့ အထုတ်ခံရပြီး ၁၀ ယောက်နဲ့ ပွဲကို ကစားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားတို့ ထိုးဖောက်ကစားပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ၆၁ မိနစ်မှာ မက်ဆီကို ထည့်သွင်းပြီးတဲ့ အချိန်မှာတော့ ၃ ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။

ဒီနောက် လူစားဝင်လာတဲ့ အဂွီရိုက မိနစ် ၉၀ မှာ နောက်ထပ် ၁ ဂိုး ထပ်သွင်းယူပြီး ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ အဂွီရိုသွင်းတဲ့ ၁ ဂိုး လူကျွံနေလို့ ခွင့်မပြုခဲ့ပါဘူး။

အာဂျင်တီးနားက အုပ်စု (ဒီ) မှာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမ၊ ချီလီက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်နဲ့ ဒုတိယ၊ ပနားမားက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၃ မှတ်၊ ဘိုလီးဗီးယားကတော့ ၂ ပွဲကစား ၂ ပွဲရှုံးပြီး တမှတ်မှ မရသေးပါဘူး။



ဒီဗွီဘီ by DVB

Originally published at - http://burmese.dvb.no/archives/154199

No comments:

Post a Comment