
ဇွန် ၁၁ ရက်က ကစားသွားတဲ့ ကိုပါ အမေရိက ဘောလုံး ပြိုင်ပွဲ အုပ်စု (ဒီ) မှာ ချီလီက ဘိုလီးဗီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိသွား ပါတယ်။
ပထမပွဲတွေ ရှုံးထားတဲ့ အသင်းတွေ ဖြစ်လို့ ဒီပွဲမှာ အနိုင်ရရှိရေး အတွက် ၂ သင်းလုံး ကြိုးစား ကစား သွားခဲ့ ပါတယ်။
ပထမပိုင်းမှာတော့ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေ ကျသွား ပါတယ်။ ဒုတိယပိုင်း ၄၆ မိနစ်မှာတော့ ဗစ်ဒယ်လ်က ချီလီအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပါတယ်။
ဒီနောက် ၆၁ မိနစ်မှာ ဘိုလီးဘီးယားက ကမ်ပိုစ့်က ချေပဂိုးသွင်းခဲ့လို့ တဂိုးစီသရေကျခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၉၀ မှာ ချီလီအသင်းပင်နယ်တီကို ဗစ်ဒယ်လ်ကပဲ အမှားအယွင်းမရှိ ကန်သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ချီလီအသင်း ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း အများဆုံး ရရှိခဲ့ပါတယ်။
ချီလီအသင်းဟာ ၂ ပွဲကစား ၁ ပွဲရှုံး ၁ ပွဲနိုင်နဲ့ ၃ မှတ်နဲ့ ဘိုလီးဗီးယားကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ တမှတ်မှ မရရှိသေးပါဘူး။
ဒီဗွီဘီ by DVB
Originally published at - http://burmese.dvb.no/archives/154195





No comments:
Post a Comment