
အင်္ဂလန် တိုက်စစ်မှူး ရွန်နီရဲ့ ခြေစွမ်းဟာ ထက်မြက် နေဆဲပဲလို့ ရုရှား နောက်တန်း သမား ဘဲရက်ဇူ စကီးက ပြောပါတယ်။
ဒီည ယှဉ်ပြိုင်မယ့် ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စု (ဘီ) က အင်္ဂလန်နဲ့ ရုရှားပွဲ မတိုင်မှီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို လိုက်တာပါ။
ရွန်နီက အသက် အရွယ်ကြောင့် ကစားတဲ့ ပုံစံ ပြောင်းနိုင် ပေမယ့် သူ့ရဲ့ ခြေစွမ်းကတော့ ရာနှုန်းပြည့် ထိပ်တန်း အဆင့်မှာ ရှိနေသေး တယ်လို့ ရုရှား နောက်တန်း သမားက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲမှာ ၅၂ ဂိုး သွင်းပေးထားပါတယ်။
အုပ်စု (ဘီ) မှာ ရုရှား၊ အင်္ဂလန်၊ စလိုဗက်ကီးယား၊ ဝေးလ် အသင်းတို့ပါဝင်ပြီး အင်္ဂလန်နဲ့ ရုရှားတို့ဟာ အဓိက ပြိုင်ဖက်တွေ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/154157





No comments:
Post a Comment