
ကိုပါ အမေရိက ဖလား ဗင်နီဇွဲလားနဲ့ ပွဲမှာ ကစားခွင့် မရတဲ့ အတွက် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က နည်းပြ အော်စကာ တာဗရက်ဇ်ကို ဒေါသ တကြီးနဲ့ တုံ့ပြန် ခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့နေ ပါတယ်။
ဇွန် ၁၀ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ ဗင်နီဇွဲလားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိသွားလို့ ဥရုဂွေးက အုပ်စုကနေ ထွက်ခွာရပြီ ဖြစ်ပါတယ်။
ဆွာရာဇ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် နားနေ ရသလို ဒုတိယပိုင်း အစမှာ သွေးပူ လေ့ကျင့်ခန်း လုပ်ခဲ့ ပါသေးတယ်။
ဒါပေမယ့်လည်း လူစား လဲရာမှာ နည်းပြက မသုံးတဲ့ အတွက် ဆွာရက်ဇ်က နည်းပြ ထိုင်နေတဲ့ ဘေးက မှန်ကို ထိုးကာ အပေါ်အကျီကို ပစ်ပေါက်ပြီး ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။
နည်းပြကတော့ ၁၀၀ ရာခိုင်နှုန်း မကြံ့ခိုင်တဲ့ ကစားသမားကို သုံးမှာ မဟုတ်သလို ဒီဖြစ်ရပ်ကို သတိ မထားမိ ဘူးလို့ ပြောပါတယ်။
မက္ကဆီကိုနဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာကြောင့် ဆွာရက်ဇ်ကို အနားပေးထားခဲ့တာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ ကိုပါအမေရိက ဖလားကို ၁၅ ကြိမ် ဆွတ်ခူးရရှိထားတဲ့ အသင်းဖြစ်ပါတယ်။
ဒီဗွီဘီ by DVB
Originally published at - http://burmese.dvb.no/archives/154094





No comments:
Post a Comment