မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 5, 2016

ဂျာမနီ အသင်း ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင် ခဲ့




ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီ အသင်းရဲ့နည်းပြ ဖြစ်သူ ဂျိုအာချင်လိုက ယူရို ၂၀၁၆ ဘောလုံး ပြိုင်ပွဲမှာ အသင်း ခေါင်းဆောင် ဘက်စတီယန် ရှဝိုင်းစတိုင်ဂါ ပါဝင် လာနိုင်ဖို့နဲ့ အဓိက နောက်ခံလူ မတ်ဟမ်းမဲ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာဖို့က သူ့အတွက် အဓိက ကျကြောင်း ပြောကြား ခဲ့တယ်လို့ AFP သတင်း တစ်ရပ် အရ သိရ ပါတယ်။

ဟန်ဂေရီ အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင် ရရှိပြီး အသင်းရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင် ခဲ့ပြီး နောက်မှာ အခုလိုမျိုး ပြောကြား ခဲ့တာပါ။

ရှဝိုင်းစတိုင်ဂါ ဟာ ဒူးအရွတ် ဒဏ်ရာကြောင့် သုံးလကြာ အနားယူ ခဲ့ရပြီးမှ ဂယ်ဆန်ကာချန်မှာ ကစားခဲ့ တဲ့ပွဲစဉ်မှာ ပွဲချိန် ၂၃ မိနစ်လောက် ပါဝင် ကစားနိုင် ခဲ့ပေမယ့် ဟမ်းမဲကတော့ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိခဲ့ ပါဘူး။



Eleven Burma

Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA


No comments:

Post a Comment