
ဇွန် ၄ ရက်နေ့က ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ နာမည်ကြီး ဆရီနာ ၀ီလျံ ရှုံးပြီး စပိန်နိုင်ငံသူ မူဂူရူဇာက ချန်ပီယံ ဖြစ်လာ ပါတယ်။
ကမ္ဘာ့ အဆင့်၎ စပိန် နိုင်ငံသူ မူဂူရူဇာက ကမ္ဘာ့ နံပါတ် ၁ ဆရီနာ ၀ီလျှံကို ၇-၅၊ ၆-၄ နဲ့ အနိုင် ယူပြီး ပထမဆုံး ဂရင်းစလင်း ချန်ပီယံ ဖလားကို ရရှိ သွားပါတယ်။
စီရီနာ အတွက် ကတော့ ၂၂ ခုမြောက် ဂရင်းစလန်း ချန်ပီယံဖလား ရရှိဖို့ အိပ်မက်နဲ့ လွဲချော် သွားတာပါ။
မူဂူရူဇာ အတွက်ကတော့ မနှစ်က ၀င်ဘယ်လ်ဒန် ဗိုလ်လု ပွဲမှာ ဆရီနာကို ရှုံးခဲ့တဲ့ အကြွေးကို ပြန်ဆပ်နိုင် လိုက်တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ မူဂူရူဇာက ဆရီနာကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာတာကို မယုံနိုင်အောင် ဖြစ်ရတယ်လို့ ပြောသွား ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/153240





No comments:
Post a Comment