
ဇွန်လ ၁၀ ရက်နေ့မှာ စတင်မယ့် ယူရိုပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်းတွေမှာ ပြိုင်ပွဲကြီး အတွေ့ အကြုံ အများဆုံး အသင်းအဖြစ် ကမ္ဘာ့ ချန်ပီယံ ဂျာမနီအသင်း ရပ်တည် နေပါတယ်။
ယူရိုပြိုင်ပွဲဝင် အသင်းတွေ တင်သွင်း ထားတဲ့ ကစားသမား (၂၃) ဦးရဲ့ ကမ္ဘာ့ဖလားနှင့် ယူရို ပြိုင်ပွဲကြီး(၂) ရပ်မှာ ကစားခဲ့ဖူးတဲ့ ပွဲတွေကို ရေတွက်ခဲ့ရာ ဂျာမနီအသင်းက (၂၁၂) ပွဲနဲ့ ထိပ်ဆုံးမှာ ရပ်တည် နေတာဖြစ်ပါတယ်။
ဂျာမနီရဲ့နောက်မှာ ယူရိုလက်ရှိ ချန်ပီယံ စပိန် အသင်းက (၁၆၈) ပွဲနဲ့ ဒုတိယ လိုက်နေ ပါတယ်။ ယူရိုအိမ်ရှင် ပြင်သစ် အသင်းကတော့ (၇၃)ပွဲနဲ့ အဆင့်(၅) မှာ ရပ်တည်ခဲ့ပါတယ်။
နာမည်ကြီးအင်္ဂလန်အသင်းမှာ (၅၃)ပွဲသာ ရှိခဲ့ပြီး ပြိုင်ပွဲကြီးအတွေ့ အကြုံ အများဆုံး (၁၀)သင်းမှာ မပါဝင် ခဲ့ပါဘူး။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA






No comments:
Post a Comment