
ဗြိတိန် မီဒီယာ များက အင်္ဂလန် အသင်းဟာ လက်ထောက် နည်းပြ ဖြစ်သူကြောင့် ယူရိုပြိုင်ပွဲတွင် ယှဉ်ပြိုင် ကစားရန် စီစဉ်ထားတဲ့ ကစားကွက် အခင်း အကျင်းကို ပြိုင်ဘက် ရုရှား အသင်း သိရှိ သွားနိုင်တယ်လို့ ထောက်ပြ ရေးသား ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လေ့ကျင့်မှုပြုလုပ်ခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းမှ ပြန်လည်ထွက်ခွာလာချိန်တွင် လက်ထောက်နည်းပြတစ်ဦးဖြစ်သူ ရေးဝီလင်တန်က အင်္ဂလန်အသင်းရဲ့ လူစာရင်းပါဝင်သောစာရွက်ကို ကိုင်ဆောင်လာခဲ့ပါတယ်။
အဲဒီစာရွက်ကို ဖိုင်ထဲတွင် ထည့်သွင်းထားခြင်းမရှိဘဲ အပြင်တွင်ထားကာ ကိုင်ဆောင်လာတာ ကို မီဒီယာများက အမိအရဓာတ်ပုံရိုက်ယူကာ ယခုကဲ့သို့ ထောက်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။
အဆိုပါဓာတ်ပုံမှတ်တမ်းအရ လူစာရင်းကို အတိအကျသိရှိနိုင်ခြင်းမရှိသော်လည်း (၄-၃-၂-၁)ပုံစံဖြစ်တာကို ထင်ရှားစွာ မြင်တွေ့နိုင်တဲ့အခြေအနေရှိခဲ့တာကြောင့် အသုံးပြုမယ့် ကစားသမားများကိုလည်း မှန်းဆနိုင်ဖွယ်ရှိကြောင်း သုံးသပ်ခဲ့ကြတာဖြစ်ပါတယ်။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA

No comments:
Post a Comment