မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 9, 2016

ကိုပါဖလားပွဲတွင် ခြေစွမ်းပြပြီး ဂိုးပြတ် အနိုင်ယူသည့် ဘရာဇီး (ရုပ်သံဟိုက်လိုက်)




ဇွန် ၉ ရက်မှာ ကစားတဲ့ ကိုပါ အမေရိက အုပ်စု ခ ပြိုင်ပွဲမှာ ဘရာဇီးက ဟေတီကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ပထမပိုင်း ၁၄ မိနစ်နဲ့ ၂၉ မိနစ်မှာ ကော်တင်ဟိုက ဘရာဇီး အသင်း အတွက် အဖွင့်ဂိုးနဲ့ ဒုတိယ ဂိုးကို သွင်းယူ ခဲ့သလို ၃၅ မိနစ်မှာ သြဂတ်စ်တိုက တတိယ ဂိုးသွင်းယူပြီး ပထမပိုင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၉ မိနစ်နဲ့ ၆၇ မိနစ်မှာ ဘရာဇီးက ၂ ဂိုး သွင်းယူခဲ့သလို မိနစ် ၇၀ မှာ ဟေတီက နှစ်သိမ့်ဂိုးတဂိုး သွင်းယူခဲ့ပါတယ်။

၈၆ မိနစ်နဲ့ ၉၀ မိနစ်မှာတော့ သြဂတ်စ်တိုနဲ့ ကော်တင်ဟိုတို့က နောက်ထပ်ဂိုးတွေ သွင်းယူပါတယ်။

ဒီပွဲမှာ ကော်တင်ဟိုက ဟက်ထရစ် ရရှိသွားပြီး ဒီပြိုင်ပွဲအတွက် ပထမဆုံး ဟက်ထရစ် ရယူနိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

ဘရာဇီးက ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းခွင့် အသာနဲ့ ကစားသွားနိုင်ပါတယ်။ ဒီပွဲအနိုင်ကြောင့် ဘရာဇီးက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရရှိထားပါတယ်။

ဟေတီကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ တမှတ်မှ မရသေးပါဘူး။

အုပ်စု ခ က အီကွေဒေါနဲ့ ပီရူးတို့ကတော့ ဆက်လက် ယှဉ်ပြိုင်ကစားနေဆဲ ဖြစ်ပါတယ်။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153867

No comments:

Post a Comment