မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 9, 2016

အမေရိကန် အင်နီမေးရှင်း ဇာတ်ကားကို ကိုယ်စားပြုသည့် ဘောင်းဘီဝတ် အီရန်ဂိုးသမား ၆ လ ပွဲပယ်ခံရ


အီရန်ဂိုးသမား မာကီနီ(၀ဲ)

SpongeBob SquarePants ဆိုတဲ့ အမေရိကန် အင်နီမေးရှင်း ရုပ်သံ ဇာတ်လမ်းတွဲ ကိုယ်စားပြုတဲ့ ဘောင်းဘီရှည် ၀တ်ဆင်လို့ အီရန် ဂိုးသမား ဆိုဆာမာကီနီကို ၆ လ ပွဲပယ် ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ကလပ် ပါဆီပိုလစ် အတွက် ပွဲမကစားမှီ မေ ၆ ရက်က အသက် ၂၉ နှစ် အရွယ် မာကီနီက လူမှု ကွန်ရက်ပေါ်မှာ ဒီဘောင်းဘီရှည် ၀တ်ဆင် ထားတဲ့ပုံကို တင်ခဲ့ ပါတယ်။

အီရန် မီဒီယာတွေက မာကီနီ ဘောင်းဘီရှည်ကို အမေရိကန် အင်နီမေးရှင်းက ဇာတ်ကောင်နဲ့ ချိတ်ဆက် ခိုင်းနှိုင်း ရေးသား ပါတယ်။

မာကီနီရဲ့ ၀တ်စား ဆင်ယင်မှုဟာ ပိတ်ပင်ရတဲ့ အကြောင်း အရင်း တရပ် ဖြစ်တယ်လို့ အီရန် ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ပါတယ်။

အီရန်မှာ အ၀တ်အစား ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ ဥပဒေရှိသလို အီရန်ကျောင်းသား အေဂျင်စီက မသင့်တော်တဲ့ အပြုအမှုအတွက် ချမှတ်တာလို့ ထုတ်ပြန်ပါတယ်။

ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားခဲ့တဲ့ မာကီနီဟာ အရင်ကလည်း အမျိုးသမီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ပုံ ပေါက်ကြားသွားလို့ အကျဉ်းထောင်ကို ပို့ဆောင်ခံရပါတယ်။

သွေးမတော်သားမစပ် အမျိုးသား၊ အမျိုးသမီးတွေ ရောထွေးတာကို အီရန်ဥပဒေက တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/153880

No comments:

Post a Comment