မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 4, 2016

ကိုပါ အမေရိက ဖလား ဆက်စပ် သတင်းများ




ဘရာဇီး လက်ရွေးစင် အသင်းသည် ကိုပါ အမေရိက ဖလား အတွက် ရွေးချယ် ထားသည့် လူစာရင်းကို (၆) ကြိမ်ထိ အပြောင်းအလဲ ပြုလုပ် ခဲ့ရကြောင်း သိရသည်။

ကာကာ ဒဏ်ရာရ သွားသဖြင့် ဟင်းနရစ်ဂန်ဆိုနှင့် အစားထိုးကြောင်း ဘရာဇီး ဘောလုံး အဖွဲ့ချုပ်က ကြေညာပြီး အသင်းတွင် ဆဋ္ဌမ အကြိမ်မြောက် အစားထိုးမှု ဖြစ်လာသည်။

ကာကာကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည့် ကော်စတာနေရာတွင် ရွေးချယ်ခံရခြင်း ဖြစ်သည်။



အိမ်ရှင် အမေရိကန်အသင်းနှင့် ပွဲဦးထွက် ရင်ဆိုင်ရမည့် ပွဲစဉ်တွင် အိမ်ရှင်ပရိသတ်၏ ဖိအားပေးမှုက ဒိုင်ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်မိကြောင်း ကိုလံဘီယာ ဂိုးသမား ဒေးဗစ်အော့စ်ပီနာက ဝန်ခံခဲ့သည်။



အခွန်လိမ်လည်မှု စွပ်စွဲချက်များအတွက် တရားရုံးတွင် ဖြေရှင်းနေရသော်လည်း ကိုပါအမေရိက ဖလားအတွက်သာ စိတ်နှစ်အာရုံစိုက်ထားမည်ဟု အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်မက်ဆီက ဖွင့်ဟပြောကြားသွားသည်။



ကိုပါအမေရိကပြိုင်ပွဲတွင် ရလဒ်မကောင်းခဲ့လျှင်လည်း ဘရာဇီးနည်းပြ ဒွန်ဂါအနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရဖွယ်မရှိဟု လက်ရွေးစင်ဟောင်း ဂျူနင်ဟိုက ခန့်မှန်းခဲ့သည်။

လက်ရှိ ဘရာဇီးအသင်းသည် ပြန်လည်တည်ဆောက်နေဆဲ ဖြစ်သောကြောင့် ဒွန်ဂါအနေဖြင့် ယခုပြိုင်ပွဲကို အတွေ့အကြုံယူ စမ်းသပ်မှုတစ်ခုအဖြစ် ဖြတ်သန်းရလိမ့်မည်ဟုလည်း ဂျူနင်ဟိုက မှတ်ချက်ပြုသွားသည်။



ပြိုင်ပွဲမစမီ ရက်ပိုင်းအလိုတွင် ရန်လိုတိုက်ခိုက်မှုတစ်ခုဖြင့် အမေရိကန်၌ အဖမ်းခံရသော်လည်း ကိုလံဘီယာ လက်ရွေးစင် ပက်ဘလို အေမာရိုက ကိုပါအမေရိကတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။


Originally published at - http://www.7daydaily.com/story/66698

No comments:

Post a Comment