
ကျင့်ဝတ်များ ချိုးဖောက် ခဲ့ဖွယ် ရှိခြင်းကြောင့် ဖီဖာ ဥက္ကဋ္ဌ ဂျီ ယန်နီအင် ဖန်တီနိုအား စုံစမ်းစစ် ဆေးနေသည် ဆိုသော သတင်း များကို ဖီဖာ အဖွဲ့က ငြင်းဆို လိုက်သည်။
ဖီဖာ အမှုဆောင် ကော်မတီ အစည်းအဝေး မိနစ် အလိုက်မှတ် တမ်းများကို ဖျက်ဆီး ပစ်ရန် အင်ဖန်တီနိုက မလျော်ကန်စွာ ညွှန် ကြားသည်ဟု ဂျာမန် သတင်းစာ Die Welt က ဖော်ပြ ခဲ့သည်။
ဖီဖာ၏ အမှီအခိုကင်းကျင့် ၀တ်ထိန်းသိမ်းရေးကော်မတီ သည် ယင်းကိစ္စကို လေ့လာနေ ပြီး ဥက္ကဋ္ဌသစ်အပေါ် ရက်ပေါင်း ၉၀ ပိတ်ပင်မှုချမှတ်သွားနိုင်သည် ဟု ဂျာမန်သတင်းစာက ဆက် လက်ဖော်ပြခဲ့သည်။
ဖီဖာအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဒီလီယာဖစ်ရှာက ယင်းစွပ် စွဲချက်များမှာ အခြေအမြစ်မရှိဟု ပြောကြားသည်။
သတင်းတွင် ဖော်ပြထား သော အီးမေးလ်မှာ စနစ်တကျ သိမ်းဆည်းမထားသော အစည်း အဝေးအသံဖိုင်ကော်ပီကို ဖျက် ပစ်ရန် ရည်ညွှန်းခြင်းဖြစ်ပြီး မူလ အစည်းအဝေးအသံဖိုင်ကို လုံခြုံ စွာသိမ်းဆည်းထားရှိပြီးဖြစ်သည် ဟု ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
ကျင့်ဝတ်ထိန်းသိမ်းရေး ကော်မတီ၏ စုံစမ်းစစ်ဆေးရေး မှူးကလည်း အင်ဖန်တီနိုကို စုံစမ်းစစ်ဆေးနေမှုမရှိဟု အေ အက်ဖ်ပီသတင်းဌာနအား ပြော ကြားသည်။
—Ref:BBC
Originally published at - http://www.7daydaily.com/story/66696

No comments:
Post a Comment