
နိုင်ငံတကာ ချန်ပီယံ ဖလား ပြိုင်ပွဲ မှာတော့ ပြင်သစ်လိဂ် ထိပ်သီး ပီအက်စ်ဂျီက စပိန် လာလီဂါ ကလပ် ရီးရဲလ် မက်ဒရစ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဇူလိုင် ၂၈ ရက် မနက်အစာပိုင်း အမေရိကားမှာ ကစား ခဲ့တဲ့ ဒီပွဲက ဂိုးတွေ အားလုံးဟာ ပထမပိုင်း မှာပဲ သွင်းယူ သွားတာဖြစ်ပြီး ဒုတိယ ပိုင်းမှာတော့ ၂ ဘက်စလုံး ဂိုးမသွင်းနိုင် ခဲ့ပါဘူး။
ပထမပိုင်း ၂ မိနစ်မှာ ပီအက်စ်ဂျီက အဖွင့်ဂိုး စတင် သွင်းယူ ခဲ့သလို ၃၅ မိနစ်မှာ ဒုတိယ ဂိုးနဲ့ မိနစ် ၄၀ မှာ တတိယဂိုး သွင်းယူ ခဲ့ပါတယ်။
ပထမပိုင်း ၄၄ မိနစ်မှာတော့ ရီးရဲလ် အသင်းက ပင်နယ်တီ ကနေတဆင့် နှစ်သိမ့် ချေပဂိုး တဂိုး သွင်းယူ သွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ပီအက်စ်ဂျီ အသင်းက ခံစစ်နဲ့ ပွဲကို ထိန်းကစား သွားခဲ့ ပါတယ်။
ဒီပွဲမှာ ရီးရဲလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၂ ရာခိုင်နှုန်းအထိ ရယူထားနိုင်သလို ကန်သွင်းခွင့်ကလည်း ၁၆ ကြိမ်အထိ ရရှိခဲ့ပါတယ်။
ဇူလိုင် ၃၀ ရက်မှာတော့ ပီအက်စ်ဂျီအသင်းက အင်္ဂလန်ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161145





No comments:
Post a Comment