
ပေါ်တူဂီနဲ့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုကို ဥရောပရဲ့ အကောင်းဆုံး ဘောလုံး သမား အဖြစ် ဥရောပ aဘာလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ် ချီးမြှင့် လိုက်ပါတယ်။
ဒီနှစ်အတွက် ဥရောပအကောင်းဆုံး ဘောလုံးသမား ဆုကို နောက်ဆုံး ဆန်ကာတင် စာရင်းမှာ ပါဝင်တဲ့ စီရော်နယ်ဒို၊ ရီးရဲလ်နဲ့ ဝေးလ် တိုက်စစ်မှူး ဂါရတ်ဘေးနဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ ပြင်သစ် တိုက်စစ်မှူး အန်တိုနီ ဂရစ်ဇ်မန်းတို့ ၃ ဦးထဲကနေ ရော်နယ်ဒိုကို မဲပေး ရွေးချယ် လိုက်တာပါ။
ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင် ခဲ့သလို နိုင်ငံအသင်း အတွက်လည်း ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒီဆုကို ဒုတိယ အကြိမ်မြောက် ရရှိတာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ဥရောပအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကိုတော့ လိုင်ယွန်နဲ့ နော်ဝေတိုက်စစ်မှူး အဒါဟီဂါဘဂ်က ရရှိသွားပါတယ်။
ဓာတ်ပုံ - ယူအီးအက်ဖ်အေ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165563

No comments:
Post a Comment