
အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီး အသင်းဟာ ရိုမေးနီးယား ကလပ် စတူအာ ဘူခါရက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုပွဲမှာ ကစားခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ပထမ အကျော့မှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတဲ့ အတွက် ဒုတိယ အကျော့ ပွဲစဉ်မှာတော့ အဓိက ကျတဲ့ ကစားသမား အများစုကို မန်စီးတီး အနားပေး ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၆ မိနစ်မှာ မန်စီးတီးအသင်းက နာဗက်စ်ရဲ့ ဖြတ်တင်ဘောကနေ ဖာဘီယန် ဒဲလ်က ခေါင်းတိုက်သွင်းယူပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဂျွန်စတုံးက ဒီပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အရင်နှစ် ချန်ပီယံ လက်စတာ၊ အာဆင်နယ်၊ တော့တင်ဟမ်တို့နဲ့အတူ ဒီနေ့မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် မဲခွဲမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165431

No comments:
Post a Comment