
ကမ္ဘောဇဘဏ် ဖလား မြန်မာ ၁-၁ ဗီယက်နမ် (ရုပ်သံဟိုက်လိုက်)
ဒီဗွီဘီ by DVB
သြဂုတ် ၂၄ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ KBZ Bank U-19 Cup 2016 ပြိုင်ပွဲမှာ ဗီယက်နမ် – မြန်မာ ပွဲမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာတင် ဗီယက်နမ် အသင်းက ပင်နယ်တီ ရခဲ့ပြီး ဦးဆောင်ဂိုးကို သွင်းယူ ခဲ့တာပါ။
ဂိုးပေးလိုက် ရတဲ့နောက်ပိုင်း မြန်မာယူ ၁၉ အသင်းအနေနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းကို တိုက်စစ်ဆင်ကစားမှုတွေ ပြုလုပ်ခဲ့ပေမယ့်ပထမပိုင်း ၄၅ မိနစ်ပြည့်တဲ့ အထိ ချေပဂိုးပြန်သွင်းယူနိုင်မူ မရှိခဲ့ပါဘူး။
ဒုတိယပိုင်းပြန်စလို့ ပွဲပြီးကာနီးအချိန်အထိ အကြိတ်အနယ်ရှိခဲ့ပြီး မိနစ် ၈၀ မှာ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ဂိုးသမားရဲ့ ဘောလုံးဖမ်းအပြီး ဒူးနဲ့အတိုက်ခံလိုက်ရ တဲ့အတွက် မြန်မာအသင်း ပင်နယ်တီရရှိကာ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာယူ ၁၉ အသင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက ဒီသရေရလဒ်ကို ကျေနပ်မိတဲ့အပြင် ကစားသမားတွေရဲ့ကြံ့ခိုင်မှုအပိုင်း တိုးတက်မူတွေ ရှိလာတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူတို့အသင်းအနေနဲ့ ဗိုလ်လုပွဲတက်နိုင်ဖို့အတွက် ဘောလုံးဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့အတွက် ထိုင်းအသင်းကို အနိုင်ရခဲ့ရင်တော့ ဗိုလ်လုပွဲတင်ဖို့ အခွင့်ရေးတွေရနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာအသင်းအနေနဲ့ကတော့ နှစ်ပွဲကစား တစ်ပွဲရှုံး၊ တစ်ပွဲ သရေ ရလဒ်ကိုသာ ပိုင်ဆိုင်ထားပါသေးတယ်။
Originally published at - http://burmese.dvb.no/archives/165382

No comments:
Post a Comment