![]() |
ဘရာဇီး နိုင်ငံမှာ ကျင်းပတဲ့ ရီယို အိုလံပစ် သေနတ်ပစ် ပြိုင်ပွဲ လေပစ္စတို မီတာ ၅၀ ပြိုင်ပွဲမှာ မြန်မာ သေနတ်ပစ် အားကစား သမား ရဲထွန်းနောင်က အဆင့် ၁၇ ရပြီး ပြိုင်ပွဲက ထွက်သွား ရပါတယ်။
ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံ အသီးသီးက ပြိုင်ပွဲဝင် ၄၁ ဦး ၀င်ရောက် ယှဉ်ပြိုင်ရာမှာ ရဲထွန်းနောင်က အဆင့် ၁၇ ရရှိခဲ့ တာဖြစ်ပြီး ပထမ ရွှေတံဆိပ်ဆုကို တောင်ကိုရီးယား၊ ဒုတိယ ငွေတံဆိပ် ဆုကို ဗီယက်နမ် ရပြီး မြောက်ကိုရီးယားက တတိယ ကြေးတံဆိပ်ဆု ရရှိ သွားပါတယ်။
မြန်မာ့လက်ရွေးစင် သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်က ကျင်းပတဲ့ အမျိုးသား ၁၀ မီတာ လေပစ္စတို သေနတ်ပစ်ပြိုင်ပွဲမှာလည်း ၀င်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ၄၆ ဦးအနက် အဆင့် ၃၃ ရရှိခဲ့ပါတယ်။
၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၅ မျိုးကို အားကစားသမား ၇ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ရဲထွန်းနောင် တဦးတည်းသာ လက်ရည်စစ်ပွဲအောင်ပြီး ပြိုင်ပွဲဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163493






No comments:
Post a Comment